Myanmar-Channel

Please visit the New Address:
http://www.myanmar-channel.com

 

သတင်း၊ သုတ၊ ရသ စတာလေးတွေ ကို မျှဝေကြရအောင် .. ..

 မြန်မာပြည်နဲ့ဝေး နေရတဲ့အချိန်မှာ အလွမ်းပြေ ရေးချင်တာလေးတွေ ရေးဖို့၊ အတွေ့ အကြု့လေးတွေ၊ သတင်းအချက်အလက်လေးတွေ မျှဝေ နိုင်ကြမဲ့ ဆက်သွယ်ရေးလမ်းကြောင်း လေးတစ် ခု အနေနဲ့
Myanmar-Channel လို့နာမည် ပေးလိုက်တာပါ။
 လောဘ၊ ဒေါသ၊ မောဟ ရဲ့ အဖျက်စွမ်းအားကြောင့် သူသူငါငါ ဆင်းရဲပင်ပန်းကြတယ်။
သီလ၊ သမာဓိ၊ ပညာရဲ့ အပြုစွမ်းအားကြောင့် သူသူငါငါ
ချမ်းသာကြ၊ ငြိမ်းအေးကြတယ်။
မဆင်းရဲချင်ရင်၊ ချမ်းသာချင်ရင်
သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အပြုစွမ်းအားတွေကို
ကိုယ့်သန္တာန်မှာတည်အောင်
ကြိုးစားအားထုတ်ကြရမယ်။
 မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပျက်၊ အိမ်တွင်ဖတ်။
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေးစကား
နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း။
             ( ရှင်မဟာရဋ္ဌသာရ)
 လူတွေဟာ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စတဲ့ လက်ဝတ်တန်ဆာ ရတနာတွေကို ကိုယ်နဲ့မကွာ အမြဲဝတ်ဆင်ထားသလို တရားကို ကိုယ်နဲ့မကွာ ၀တ်ဆင်ဆောင်ထား နိုင်မယ်ဆိုရင် မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ မခဲယင်းဘူး။
ရတနာအမျိုးမျိုးရှိတဲ့အနက် တရားရတနာဟာ အကောင်းဆုံး၊ အမြတ်ဆုံးပဲ။
အဆောင်တကာ့ အဆောင်တွေထဲမှာတော့ တရားအဆောင်ဟာ အကောင်းဆုံးပဲ။
ဒါ့ကြောင့် “ တရားသတိ၊ အမြဲရှိမှ၊ ခုလည်းချမ်းသာ၊ နောင်ချမ်းသာမည်၊ ငါ့မှာ သတိမြဲဖို့တည်း” လို့နေ့တိုင်း ရှုမြင်၊ ဆင်ခြင် နှလုံးသွင်းရမယ်။
 Your comment, advice and query are welcome :       encik.um@gmail.com